학개 1장 Judson (1835)
소선지서 · Haggai · Judson (1835) · 15절
📝 이 장의 개요 흐름·핵심 구절·인물 더 보기 →
학개 1장은 포로 귀환 뒤 성전 재건을 미루던 유다 백성에게 학개 선지자가 공사를 다시 시작하라고 전한 말씀과, 지도자와 백성이 이에 순종해 성전 일을 시작한 일을 기록한 장이다.
절 바로가기
1학개 · Judson (1835)
1ဒါရိမင်းကြီးနန်းစံနှစ်နှစ်၊ ဆဌမလတရက်နေ့ တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ယုဒမြို့ဝန်၊ ရှာလသေလ သား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက် သား ယောရှုဆီသို့ ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၍၊
2ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ အချိန်မရောက်သေး၊ ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ရသော အချိန်မရောက်သေး ဟု၊ ဤလူများ ပြောဆိုကြသည်မှာ၊
3ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ် ကပတ်တော်ရောက်လာသည်ကား၊
4အချင်းလူတို့၊ သင်တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံသော အိမ်၌ နေချိန်ရှိလျက်ပင်၊ အိမ်တော်ပျက် လျက် နေရမည်လော။
5ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သော အကျင့်တို့ ကို ဆင်ခြင်ကြလော့။
6သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော် လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာ မစားရကြ။ သောက်သော်လည်း ဝစွာ မသောက်ရကြ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ။ အလုပ် လုပ်၍ အခကို ခံရသော်လည်း မလုံသော အိတ်ထဲမှာ သိုထားရကြ၏။
7ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့။
8တောင်ပေါ်သို့ တက်သွား၍ သစ်သားကို ဆောင်ခဲ့ပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ငါသည် လည်း အားရ၍ ငါ၏ဘုန်းသည် ထင်ရှားလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
9သင်တို့သည် များစွာရမည်ဟု မြော်လင့်သော် လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ ရောက်သော အခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ၏။ ငါ့အိမ် သည် ပျက်လျက်ရှိသောကြောင့်၎င်း၊ သင်တို့သည် အသီး အသီး မိမိတို့အိမ်သို့ ပြေးသောကြောင့်၎င်း ဖြစ်သတည်း။
10ထိုကြောင့် သင်တို့အပေါ်မှာ မိုဃ်းခေါင်သဖြင့် နှင်းမကျရ။ မြေသည်လည်း အသီးအနှံကို မပေးရ။
11မြေပေါ်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဆန်စပါး၊ ချိုသောစပျစ်ရည်၊ ဆီအပေါ်၌၎င်း၊ မြေထဲကထွက်သမျှ အပေါ်၌၎င်း၊ လူသတ္တဝါတိရစ္ဆာန်အပေါ်၌၎င်း၊ လုပ် ဆောင်သမျှအပေါ်၌၎င်း၊ သွေ့ခြောက်ခြင်းဘေးကို ငါမှာ လိုက်လေပြီဟု မိန့်တော်မူ၏။
12ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန် ကြွင်းသော သူအပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို၎င်း၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားစေခိုင်းတော်မူသောပရောဖက်ဟဂ္ဂဲစကားကို ၎င်း နားထောင်သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့ကြ၏။
13ထိုအခါ ထာဝရဘုရားမှာထားတော်မူသည် အတိုင်း ထာဝရဘုရား၏ တမန်ဟဂ္ဂဲက၊ ငါသည် သင်တို့ နှင့်အတူရှိ၏ဟု၊ ထာဝရဘုရား မိန့်တော်မူကြောင်းကို လူများတို့အား ဆင့်ဆိုလေ၏။
14ထာဝရဘုရားသည်လည်း၊ ယုဒမြို့ဝန်၊ ရှာလ သေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယော ဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့ ကို နှိုးဆော်တော်မူသောအားဖြင့်၊
15ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဆဌမလနှစ်ဆယ် လေးရက်နေ့တွင်၊ သူတို့သည် လာ၍ မိမိတို့ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ အလုပ်လုပ်ကြ၏။
Judson (1835)
절을 누르면 복사·공유·형광펜·메모를 쓸 수 있습니다. 점선 낱말은 교회백과 문서로 이어집니다.
본문은 Judson (1835)(미얀마어) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) 형광펜·메모·읽은 표시는 판과 상관없이 같은 장에 함께 남습니다. 점선이 그어진 낱말은 교회백과에 문서가 있는 인물·지명·용어입니다(한 화면에 한 번씩만 표시). 형광펜·메모·읽은 표시는 이 브라우저에만 저장되며 내 표시에서 모아 볼 수 있습니다.
이 장을 언급한 문서
더 보기
글자 크기
바탕색과 글자색 (읽기 화면만)
글꼴
글자 두께
줄 간격
표시
읽어 주기 속도
읽어 주기